Contact Form

Name

Email *

Message *

Tuesday, June 24, 2014

မေ သိစေဖို့ 

ပန်းပွင့်တယ်ဆိုတာ

သဘာဝပါ "မေ"

အလှကြည့်ခံချင်လို့ 

ပန်ဆင်ပါရစေရည်စူးပြီး

ဖူးပွင့်မဆင်

"မေ" ကြိုက်ရင်အညှာကိုချိုးပြီး

"မေ" မြတ်နိုးတော့ ပန်ချင်ပန်ပေါ့

မပန်ချင် "မေ" မကြိုက်တော့လဲ

ပစ်သာပစ်လိုက်ပေါ့ နော် "မေ"

ဆင်ချင်မှသာဆင်ပါ" မေ"ရယ်

မဆင်လို့ ဖြစ်ဖြစ်

မမြင်လို့ ဖြစ်ဖြစ်

သစ်ရွက်ကြို သစ်ရွက်ကြားက

မေ သွားရာ ရနံ့ ပေး

မေ မွှေးရင်ပျော်ရွှင်ဖို့ 

မေ မမြင် မေ မကြည့်ပေမယ့်

မေ သိရင်ကျေနပ်ပါရဲ့

ရွက်ကြိုရွက်ကြားမှာပဲ

ပွင့်သွားမှာပေါ့

ချစ်ရတဲ့ကိုယ့်ဘ၀ အော် ဒီလို ပါလားးးနော် အချစ်ရဆုံး"မေ"သိစေသောဝ်

                                                                  Survivors in Nightmare

No comments: